Wednesday, October 13, 2010

"နိုင်ငံကောင်းရဲ့ အစိုးရမကောင်း"

မေး- စာမေးပွဲဖြေရတော့မယ်နော်။ ဘာတွေပြင်ဆင်နေပြီလဲ

ဖြေ- အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေး ပါသွားအောင် ကျူရှင်လခသွင်းနေပါတယ်။ နောက်တစ်ခုကတော့ ဆရာတွေ လိပ်စာကို စုဆောင်း နေပါတယ်။ ဒါမှလည်း စာမေးပွဲပြီးပြီးချင်း ကန်တော့လို့ ရအောင်ပါ။ ကန်တော့ဖို့ ပိုက်ဆံကိုတော့ ဟိုနေ့ကမှ အိမ်ကို လှမ်းပြီး ဖုန်းဆက် ပြောထားပါတယ်။ လောလောဆယ် စာတော့ မလုပ်ဖြစ်သေးဘူး။

မေး-ဒါကနောက်ဆုံးနှစ်လည်းဖြစ်တယ် ဒီစာမေးပွဲအောင်ရင်
ဘွဲ့လည်းရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ

ဖြေ-သိပ်ကိုဝမ်းနည်းပြီး ယူကြုံးမရဖြစ်မိပါတယ်။ ဘာလို့လည်းဆိုတော့
တကယ်လို့ ဘွဲ့ရခဲ့ရင် ကျွန်တော့်အနေနဲ့က တရားဝင် လိုင်စင်ရ အလုပ်လက်မဲ့
တစ်ယောက် ဖြစ်သွားပါပြီ။ အခုက ကျောင်းတက်နေတာဆိုတော့ ဘာပြောပြော
ကျောင်းသားဘ၀ ဆိုတော့ အိမ်က ထောက်ပံ့ပေးနေဆဲပါ ဒါပေမဲ့
ကျောင်းပြီးသွားရင်တော့ လုံးဝကို supply တွေ ပိတ်ကုန်မှာ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော့ အနေနဲ့ကတော့ ကျောင်းတော်ကြီးကို လွမ်းတာတို့၊
သူငယ်ချင်းတွေကို တမ်းတတာတို့၊ ချစ်သူလေးကို ခွဲရမှာတို့ထက်
သောက်သုံးမကျတဲ့ ကောင်ကြီးဖြစ်သွားပြီဆိုပြီး ၀မ်းနည်းမိပါတယ်။

မေး- ကျောင်းသားဘ၀ဆိုတာကလေ တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်လို့ဆိုတယ်။ ဒီတော့ မောင်လေးရဲ့ အနာဂတ်ကိုရော ဘယ်လိုစိတ်ကူးထားလဲ။ အမေရီကားမှာဆိုရင်University Graduate တွေဟာ များသောအားဖြင့် နိုင်ငံတော်နဲ့ဆိုင်တဲ့နေရာတွေတို့ ဘာတို့တွေတောင်ရောက်ကြတယ်လေ မောင်လေးတို့ရော။

ဖြေ- ဒါမျိုးစဉ်းစားဖို့ တော်တော်လေးကို ခက်ပါတယ်။ တစ်နေ့သင်လိုက်တဲ့
စာတွေကို တစ်နေ့စာတစ်နေ့ မှန်မှန်လုပ်ရအောင် မီးမလာလို့ စိတ်ညစ်ရပါတယ်။
တကယ်ဆိုရင် နေ့သင်တဲ့စာတွေကို ပြန်လုပ်ဖို့ ညကိုတော့
မီးလာပေးစေချင်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်နဲ့ ဆိုင်တဲ့
ရာထူးမျိုးတွေကို စိတ်ကူးဖို့နေနေသာသာ လက်တစ်ဖက်က
ထမင်းချိုင့်ကိုကိုင်ပြီး လက်တစ်ဖက်က ကားကလက်တန်းကို ကိုင်ထားပြီးစီးရတဲ့
မူဆယ်လားရှိုးဘက်က ၀က်တင်တဲ့ကားတွေလို ကျောင်းကားတွေကို
နေ့တိုင်းစီးနင်းကျော်ဖြတ်နေရတာ အရင်ပြီးဆုံးစေချင်ပါတယ်။ ကျန်တာဘာကိုမှ
စိတ်မကူးပါဘူး။ အသက်မပျောက်ဘဲ အိမ်ပြန်ရောက်လာရင် ကျေနပ်နေပါတယ်။

မေး- ကျောင်းသားဆိုတာက များသောအားဖြင့် အရပ်သားတွေနဲ့ ကွဲပြားတတ်တယ်လေ။
မောင်လေးရဲ့ ကျောင်းသားတစ်ဦးပုံစံကိုပြောပေးပါဦး။

ဖြေ-အရပ်သားနဲ့တော့ ကွာသွားတယ်ဗျ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့
ခေတ်ကလို ကွဲပြားခြားနားသွားတာ မဟုတ်ဘူး ပြောင်းပြန်ဖြစ်သွားတယ်။
ဘာလို့လဲဆိုတော့ အရပ်သားတော်တော်များများကတော့ မြို့တော်ကြီးတွေထဲမှာ
နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေဆိုတာက များသောအားဖြင့်
တောကြီးမျက်မဲလို နေရာတွေ မြို့ပြင်တွေ ကျေးလက်တွေမှာ နေရတာများတော့
အများကြီးကို ကွဲပြားသွားပါတယ်။ ဒီတော့ ပြောရရင် ကျွန်တော်တို့တွေက
အရပ်သားတွေနဲ့ ဘာမှမဆိုင်တော့လောက်အောင်ကို မိုက်ရိုင်းသွားကြတော့တာပေါ့။


မေး- အခုကိုယ်က ကျောင်းပြီးတော့မယ်ဆိုတော့ သူများနိုင်ငံကလို
ကျောင်းပြီးရင် သူတို့ဆီမှာ လာလုပ်ဖို့ ကမ်းလှမ်းတာတို့ ဘာတို့ရှိနေပြီလား

ဖြေ- အခုထက်ထိတော့ အဲဒါမျိုးမရှိသေးပါဘူး။ ဒါပေမယ့် ဟိုနေ့က
ပါချုပ်ရုံးရှေ့မှာ ကပ်ထားတာကတော့ ဒီကနေ ဘွဲ့ရသွားတဲ့ ကျောင်းသားတွေကို
ဗထူးဗိုလ်သင်တန်းကျောင်းမှာ တက်ဖို့ခေါ်ထားတဲ့ စာတော့တွေ့ပါတယ်။ OTS
လို့ခေါ်တာပေါ့ဗျာ။ ဒါလောက်ပါပဲ၊ သိပ်တော့ မထူးဆန်းပါဘူး။ ဘာလို့လဲ
ဆိုတော့ အလုပ်ရရေးမရရေးသည် ကျောင်းနဲ့ မဆိုင်ပါဘူး။
အလုပ်ရှင်တွေအနေနဲ့ကရော ပြီးတော့ အစိုးရပြန်တမ်းဝင်စာမေးပွဲလို့ ခေါ်တဲ့
PSC စာမေးပွဲအနေနဲ့ရော ကျောင်းသားတွေကို ဘွဲ့ရပြီးပြီးခြင်း
ခန့်မှာမဟုတ်ပါဘူး။ ဘွဲ့ရတာသည် အလုပ်ရဖို့ အထောက်အကူကောင်းတစ်ခု
မဟုတ်ပါဘူး။ တကယ်ကို ကျောင်းပြီးပြီးချင်း အလုပ်တန်းရတာတို့ ဘာတို့ဆိုတာက
လုပ်ငန်းရှင်တစ်ယောက်ယောက်နဲ့ အမျိုးနီးစပ်တော်နေသလား ဥပမာပြောရရင်
လုပ်ငန်းရှင်တစ်ယောက်ကိုးကွယ်နေတဲ့ ဘကြီးဘုန်းကြီးနဲ့ကို
ကိုယ်ကခင်နေရင်လောက်ဆိုရင်ကိုဖြစ်ပါတယ်။ စောစောကပြောတဲ့ PSC
စာမေးပွဲဆိုတာကတော့ ဖြစ်နိုင်ရင် ကံစမ်းမဲပေါ့နော်။ လူ ၁၂
ဦးစာခေါ်တယ်ဆိုရင် များသောအားဖြင့် ၁၀ ဦးလောက်က ဖြေဖြေ မဖြေဖြေ
အလုပ်ရကြမှာဖြစ်ပြီးသားပါ။ ကျန်တဲ့ ၂ နေရာစာကိုတော့ ကျွန်တော်တို့ ဘွဲ့ရ
ပညာတတ် အယောက် ၅၀ လောက်က ကံစမ်းကြပါတယ်။
မေး- ကျောင်းမှာ ဆရာပြန်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါသေးလား

ဖြေ- လုံးဝကိုမရှိပါဘူးခင်ဗျာ။ တကယ်ကို မရှိတာပါ။ မသိတဲ့သူတွေက
မတတ်တဲ့သူတွေကို ပြန်သင်ပေးရတာလောက် စိတ်ကုန်စရာမရှိပါဘူး။ ပြီးတော့
ကျွန်တော်က စာသင်တယ်ဆိုရင် စာဘဲသင်ချင်တာပါ။ ကြက်ဆူပင်စိုက်ရတာတို့၊
မိုးရာသီ သစ်ပင်စိုက်ရတာတို့၊ ဂိတ်ဂျူတီစောင့်ရတာတို့ မလုပ်ချင်ပါဘူး။

မေး- ကိုယ်ယူုထားတဲ့ မေဂျာနဲ့ ကိုက်ညီတဲ့ အလုပ်ကို စိတ်ကူးနေပါသလား

ဖြေ-လုံးဝကို စိတ်မကူးပါဘူး။ လုပ်စားလို့ လည်းမရပါဘူး။ လုပ်စားစရာ
နေရာလည်း မရှိပါဘူး။ မိဘလက်ငုတ်စီးပွားရေးဖြစ်ဖြစ် တစ်ခြားတစ်ခုဖြစ်ဖြစ်
စိတ်ကူးရပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် လမ်းဘေးပလက်ဖေါင်းမှာ
ခိုးကူးခွေလေးတွေ ချရောင်းဖြစ်ချင်လည်းရောင်းဖြစ်မှာပါ
လမ်းဘေးကွမ်းယာဆိုင်လေး တစ်ဆိုင်လောက်ဖွင့်ဖြစ်ရင်လည်း ဖွင့်ဖြစ်မှာပါ။
သေသေချာချာတော့ မပြောနိုင်သေးပါဘူး။

မေး-မောင်လေးရဲ့ ပညာ အပေါ်သုံးသပ်ချက်ကလေး သိပါရစေ။

ဖြေ-တချို့တွေကပြောကြပါတယ် ပညာစီးပွား ဆိုတာပေါ့။ ဒီနေ့ခေတ်ပညာရေးက
စီးပွားရေးဆန်လာတယ်တဲ့။ အကောင်းမြင်တဲ့သူရှိသလို အဆိုးမြင်တဲ့
သူတွေလည်းရှိပါတယ်။ ဘာပြောပြောပေါ့ ပညာရေးမှာ ငွေကအဓိကဆိုတာတော့
အားလုံးကို သိစေချင်ပါတယ်။ ပြောရရင် ဆရာလူထုစိန်ဝင်း ပြောပြောနေကြပေါ့။
ပညာသင်တာ စဉ်းစားတတ်စေချင်လို့တဲ့ ဒါပေမယ့် စဉ်းစားလို့ မရပါဘူး။
ကျွန်တော်သိလိုက်ရတဲ့ ပညာ ဆိုတာကတော့ မူလတန်းကနေ ဒီနေ့အထိ
အလွတ်တွေကျက်ပြီး အလွတ်တွေချရေးပြီး အောင်မြင်လာတာပါဘဲ။ အခုနေ
ကျွန်တော့်ကို အလွတ်ကျက်ခဲ့တဲ့ စာတွေ ဖြေနိုင်ခဲ့တဲ့ စာတွေကို
ပြန်မေးကြည့်ပါ ကျွန်တော် မြန်မာလို တစ်လုံးမှ မသိပါဘူး။ ဒါပေမယ့်
ချရေးခိုင်းရင်တော့ ကောင်းကောင်းကို ရေးပြနိုင်ပါတယ်။


မေး- မကြာခင် နိုင်ငံတော်သစ်ကို တည်ဆောင်ကြတော့မယ်လေ။
ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။ ကိုယ့်တိုင်းပြည်
ကို့လူမျိုးအတွက်ပေါ့။

ဖြေ-ဘာမှမပြင်ဆင်ထားပါဘူး။ ထမင်းနပ်မှန်အောင်စားချင်ရင် ဒါမျိုးတွေ
မမေးပါနဲ့လား။ တကယ်တော့ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့
တပ်မတော်ရဲ့ အလုပ်သက်သက်ဖြစ်ပါတယ်။ ဘယ်သူဘဲ တက်တက်ပေါ့နော် ရပ်ကွက်ထဲက
ပဲပြုတ်သည်တွေလဲ ပဲပြုတ်ဆက်ရောင်းကြမှာပဲ၊ ဆိုက်ကားဆရာတွေလည်း
ဆိုက်ကားဆက်နင်းကြမှာပဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကုလားကြီးကို
ကုလားကြီးလို့ခေါ်ခေါ် မာမူကြီးလို့ခေါ်ခေါ် အရားကြီးလို့ခေါ်ခေါ် ကုလားက
ကုလားပါပဲ။ ကျွန်တော်ဘာမှမပြင်ဆင်ထားပါဘူး။ ဒါတွေက
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ကြီးရဲ့ တာဝန်သာဖြစ်ပါတယ်။
ပိုက်ဆံမရှိ အင်အားမတောင့်ဘဲနဲ့ အခြေအနေကို ကြိုတင်မသုံးသပ်ဘဲနဲ့
ဝင်ပြိုင်ဖို့ကြိုးစားတဲ့ ပါတီငယ်လေးတွေကိုတော့ သနားပါတယ်။
စိတ်မကောင်းဘူး။ အခုကို အဖြေက ရှင်းနေပြီလေ ပါတီလေးတွေက ပိုက်ဆံမရှိလို့
ညည်းတွားနေကြချိန်မှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေကတော့
စီးပွားရေလုပ်ငန်းရှင် အကြီးစားကြီးတွေဖြစ်နေကြပါတယ်။ ဒီတော့
ကျောင်းသားဆိုတာကရော ဘာများတတ်နိုင်နေဦးမှာလဲဗျာ။
၂ဝ၁ဝ စက်တင်ဘာလ (၁ဝ) ရက်နေ့ ထုတ် Weekly Eleven ဂျာနယ်မှာ ကြံ့ဖွံ့ပါတီက ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ လယ်သမားတွေကို ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် စတင်ထုတ်ချေးနေပြီဆိုတာ ဖတ်လိုက်ရတယ်။
ဒီပမာဏက နည်းနည်းနောနော လားဗျာ။ ဒီပိုက်ဆံတွေ ဘယ်ကလာတာလဲ?
ထင်တိုင်းကျဲနေကြတာ၊ နိုင်ငံတော်ရဲ့ အကျိုးအမြတ်တွေကို နိုင်ငံသားတွေ မခံစားရဘဲ သူတို့အကျိုးသက်သက်အတွက် လုပ်ချင်တိုင်း လုပ်နေကြတာ။
ရန်ကုန်တိုင်း တစ်တိုင်းတည်းတင် သိန်းပေါင်းရှစ်သောင်းသုံးခဲ့တာ၊ မြန်မာတပြည်လုံး အတိုင်းအတာနဲ့ဆိုရင်တော့ သိန်းပေါင်းမြောက်များစွာ သုံးကြအုံးမှာ။

ဒီလောက်များပြားတဲ့ ငွေကြေးပမာဏကို မဲဆွယ်ဖို့ သုံးခွင့်ရှိလို့လား?
ဒီငွေတွေ ဘယ်ကနေရောက်လာသလဲ?
နိုင်ငံပိုင်လား၊ ကိုယ်ပိုင်လား?
ကိုယ်ပိုင်ဆိုရင်ကော ငွေဖြူလား၊ ငွေမဲလား?
သိပ်ခက်တယ်ဗျာ။
သူတို့တွေ လုပ်ချင်ရာလျှောက်လုပ်ကြလို့ ငါတို့အမိမြန်မာပြည်ကြီးလဲ ဖြစ်ချင်တိုင်းကို ဖြစ်နေပြီ။

၁၉၉၃ကတည်းက တည်ထောင်ခဲ့တဲ့ ကြံ့ဖွံ့
အပေါ်စီးကနေ ပြည်သူတွေကို တသက်လုံး မျက်နှာကြောတင်းတင်းနဲ့ ဖိနှိပ်ဆက်ဆံလာတဲ့ ကြံ့ဖွံ့
၂၀၁၀ရွေးကောက်ပွဲကျမှ ပြည်သူတွေကို အမျိုးမျိုး မျက်နှာ ချိုသွေးနေကြတာ...

ဒီလိုလုပ်နေကြတာ တခြား ဘာဖြစ်နိုင်အုံးမှာလဲ?
ရွေးကောက်ပွဲမှာ နိုင်ချင်လို့
မဲရချင်လို့
အခုလိုပဲ နောင်များမှာလဲ နိုင်ငံကြီးကို သူတို့ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်နိုင်ခွင့် ရနေစေဖို့...

နိုင်ငံတစ်ခု အရင်းပြုပြီး နိုင်ငံပိုင်ပစ္စည်း ဒို့ပစ္စည်း လုပ်နိုင်တဲ့ သူတွေက သူတို့ ကိုယ်ကျိုးအတွက် လုပ်ကြအုံးမှာ။
နိုင်ငံတော်ဘဏ္ဍာ ကိုယ့်ဘဏ္ဍာအမှတ်နဲ့ ဖောဖောသီသီ ငွေချေးပေးပြီး သူတို့ကပဲ ပြည်သူတွေကို ထောက်ပံ့သလိုနဲ့ သုံးစွဲကြအုံးမှာ။
ရွေးကောက်ပွဲ ကျင်းပဖို့ တလပဲ လိုတော့တယ်ဆိုပေမယ့် ကြံခိုင်ရေးပါတီရဲ့ခေါင်းဆောင်တွေဟာ လက်ရှိမှာ ၀န်ကြီးချုပ်၊ ၀န်ကြီး ဆိုတဲ့ ရာထူးတွေယူထားတုန်းပဲ။ နိုင်ငံ့ဝန်ထမ်းက ပါတီဝင် မဖြစ်ရဘူးလို့လည်း ဥပဒေ ပြဌာန်းထား
တယ်။
မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုမလုပ်တဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီး ရှိပါတယ်...။
နီးနီးနားနားမှာ တရုတ်... စီးပွားရေးမပိတ်ဆို့ဘူး... မြန်မာနိုင်ငံက ဘာတွေ ယူသွားသလဲ...။
အာဆီယံ၊ အိန္ဒိယ... အများကြီးပါပဲ...။ သူတို့နဲ့ လုပ်ကိုင်ပြီး ပြည်သူတွေ အကျိုးအမြတ်ရသွားကြလို့လား...။

အဓိကက စီးပွားရေးလုပ်ကိုင်ရာမှာ စီမံခန့်ခွဲမှု အင်မတန် ညံ့ဖျင်းပြီး ကိုယ်ကျိုးသာကြည့် တဲ့ အစိုးရကြောင့်ပါ...။

ပိတ်ဆို့တဲ့ နိုင်ငံတွေကို လက်ညှိုးထိုးအပြစ်တင်နေတာ သဘာဝ မကျပါဘူး..။

လက်ရှိအခြေအနေက စီးပွားရေး ပိတ်ဆို့ခံထားရလို့ မဟုတ်တာတော့ သေချာတယ်။

စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်နေသူတွေကလည်း လက်တဆုပ်စာလူ့မလိုင် အခွင့်ထူးခံ လူတန်းစားများသာဖြစ်လို့ ငွေဈေးက အစ ကားဈေး ဘာဈေးညာဈေး တက်လိုက တက် ကျလိုက ကျ သူတို့ သဘောကျ ချယ်လှယ်နေနိုင်တာတော့ အမှန်တကယ် စီးပွားရေးဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ခွင့်မရှိခြင်းရဲ့ ပြယုဒ်ပါဘဲ...

မြန်မာနိုင်ငံရဲ. လက်ရှိ အနေအထားက စီးပွားရေးပိတ်ဆို.လို. ဆိုးဝါးနေတာ မဟုတ်ပါ။ အစိုးရရဲ. အရည်အသွေး ညံ့ဖျင်းလို. ဖြစ်ပါတယ်။

ပဲနဲ.စပါး စိုက်ဖို.ထက် စက်မှုဇုန်ကားထုတ်ပြီး ရိုက်စား + propaganda လုပ်ခဲ့လို. ဖြစ်ပါတယ်။ corruption နဲ. bribery ရှိလို. ...ဖြစ်ပါတယ်။

စီးပွားရေး ပိတ်ဆို.နေတယ် ဆိုပေမယ့် မြန်မာနိုင်ငံရဲ. FDI ဒီနှစ်ထဲမှာ နှစ်ဘီယီလံတိုးပြီး ရှစ်ဘီလီယံ ဖြစ်လာပါတယ်။ နောက်ဆုံးဝင်လာတာ ဟောင်ကောင်ပါ။

အဲဒိပိုက်ဆံတွေကို speed internet, reliable banking system, communication နဲ. transportation infrastructure တွေမလုပ်ဘဲ လှိုဏ်ခေါင်းတွေတူး မြို.တော်တွေ တည်ခဲ့ပါတယ်။ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဘဲ multimedia classroom, ရန်ကုန်မြို.လယ် ကျွန်းစိုက်ခင်း, ရန်ကုန်မြို.လယ် ကြက်ဆူစိုက်ခင်း စတဲ့ အပြကောင်းတဲ့ တီဗီမှာ ကြေငြာလို.ကောင်းမယ့် ကိစ္စတွေမှာ ပိုက်ဆံသုံးခဲ့ပါတယ်။ တီဗီတွေ သတင်းစာတွေမှာ သူ.ကာလအလိုက် ခေတ်စားခဲ့တဲ့ စီမံကိန်းတွေ အခု ဘာဖြစ်လာပြီလဲ ပြန်ကြည့်လိုက်ပါ။ ပိုက်ဆံတွေ ဘယ်ရောက်ကုန်လဲ သိလိမ့်မယ်။

စီးပွားရေး ပိတ်ဆို.တာ ဖွင့်ပေးလိုက်ရင် အရင်ဆုံးကတော့ စစ်တပ်နဲ. ဗိုလ်ချုပ်တွေ အရမ်း ချမ်းသာသွားမယ်။ စီးပွားရေးပိတ်သည်ဖြစ်စေ ဖွင့်သည်ဖြစ်စေ လမ်းကြောင်းရှိမှ လုပ်စားလို.ရတဲ့ နိုင်ငံမှာ ကွမ်းယာဆိုင်တောင် ဦးတေဇနဲ. စစ်တပ်ဦးပိုင်ကနေ franchise ယူပြီး ပြန်ဖွင့်ရတဲ့ ဘ၀ ရောက်သွားနိုင်ပါတယ်။

ထပ်ပြောရရင် မြန်မာနိုင်ငံရဲ. လက်ရှိ အနေအထားက စီးပွားရေးပိတ်ဆို.လို. ဆိုးဝါးနေတာ မဟုတ်ပါ။ အစိုးရရဲ. အရည်အသွေး ညံ့ဖျင်းလို. ဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေနဲ. လူတစ်စုနဲ. ပေါင်းပြီး ပြည်သူကို ညာနေလို. ဖြစ်ပါတယ်။

သူတို.တကယ် စေတနာနဲ. အလုပ်လုပ်ရင် သူတို.ပြောသလိုပဲ "စီးပွားရေးပိတ်ဆို.တာ တို.မမှုပါ" ဖြစ်ရမှာပါ။ သူတို.လုပ်ပေးနိုင်ပါတယ်။ လုပ်မပေးချင်တာ၊ လုပ်မပေးတတ်တာပါ။ ဘီပိုးတွေ.တဲ့စစ်ဗိုလ်တွေနဲ. လူကြီးနဲ.အဆင်ပြေတဲ့ အရာရှိတွေက ညွှန်ချုပ်တွေ၊ ၀န်ကြီးတွေ ဖြစ်နေပြီး စေတနာလဲပါ၊ လုပ်လဲလုပ်တတ်တဲ့ ပညာရှင်တွေကို ချောင်ထိုးထားလို. ဖြစ်တာပါ။ ဌာနတိုင်းမှာ ယူနီဖောင်းတွေနဲ.ပါ။



မြန်မာနိုင်ငံက ထွက်သမျှ သဘာဝဓာတ်ငွေ့တွေနဲ့ တရုတ်၊ ထိုင်းလို အိမ်နီးချင်းနိုင်ငံတွေမှာ ထိန်ထိန်ညီးလို့၊
မြန်မာနိုင်ငံသားတွေမှာတော့ အမှောင်ထဲမှာ...
ကျောင်းသားတွေလည်း ညဘက်စာကြည့်ဖို့တောင်မှ မီးကမရ..
ပညာတတ်ကြီးတွေ ဖြစ်ကြပါအုံးမယ်...


ပြောရရင်တော့ အများကြီးပဲ...
ဒါလေးသာ ကြည့်လိုက်ပါတော့ဗျာ...
http://www.facebook.com/home.php?#!/video/video.php?v=442468881563


မြန်မာ စစ်ခေါင်းဆောင်များ မတရားမှုများကို တရားဝင်သဖွယ် ပြုလုပ်နေမှုများ ရပ်ဆိုင်း သွားအောင် အရေးယူ ဆောင်ရွက်ကြရမည် ဖြစ်သည်။

ဘယ်သူ့ ဘယ်သူကိုမှ အမှားကို အမှန်မြင်နေတာမျိုး မဖြစ်စေချင်လို့ပါ...

ပြည်သူတွေရဲ့ ရွေးချယ်ခွင့်ကို သိပ်ကို လေးစားတာပေါ့...
ပြည်သူတွေ ရွေးချယ်ပိုင်ခွင့် မရမှာပဲ စိုးရိမ်တာပါ...

အခုတောင် ကြံ့ဖွံ့က သူတို့နိုင်ပါပြီလို့ ထထအော်နေသေးတာ...
မဲမလိမ်ဘူးလို့ အာမခံနိုင်သလား...

နောက်ဆုံးမေးခွန်းလေး၂ခုနဲ့ပဲ နှုတ်ဆက်ပါရစေ...

ပြည်သူတွေ တကယ်ပဲ ရွေးချယ်ခွင့်ရမှာလား?
သူတို့ကကော ပြည်သူတွေ ရွေးချယ်လိုက်တာကို မှန်မှန်ကန်ကန် လိုက်လျောမှာလား?

ဘဝဆိုတာ ခဏလေးပါ...
သံသရာကတော့ ဘဝပေါင်းများစွာကို ဆိုလိုတယ်...

ဘဝ = အကျိုးဆက် ( ကုသိုလ် (ယခုဘဝအပါအဝင် ရှေးဘဝပေါင်းများစွာက) + အကုသိုလ် (ယခုဘဝအပါအဝင် ဘဝပေါင်းများစွာက) )

ဘာတွေလုပ်ရင် အကုသိုလ်မှန်း သေချာတဲ့ကိစ္စတွေကိုတော့ ခွဲခြားနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်...
အကုသိုလ်လုပ်ရက်နဲ့ ရှေးဘဝတွေက ကုသိုလ်တွေများလွန်းခဲ့တော့ ကံကောင်းနေနိုင်သေးတာပါ...ဒါကို အကုသိုလ်မလုပ်လို့ပါလို့ ပြောလို့မရနိုင်ဘူးဆိုတာ သိကြမှာပါ...

စေတနာမှန်တဲ့ လုပ်ရပ်တိုင်းက တန်ဖိုးရှိသလို အကျိုးလဲ ရှိပါတယ်...
လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကနေ မှန်ကန်တဲ့ တွေးခေါ်မှု ဆုံးဖြတ်ချက်တွေရနိုင်ပါစေ...

စောက်ရူးအစိုးရပါ...
အရူးပါးလို့ ပြောရမလား?
စောက်ကျင့်မကောင်းတဲ့ အရူးလို့ ပြောရမလား?
ကိုယ်ချင်းစာ တရားမရှိတဲ့ အစိုးရ
ပြည်သူတွေအပေါ် ဗိုလ်ကျ၊ အနိုင်ကျင့်၊ နိုင်ငံပိုင် ပစ္စည်းတွေကို ထင်တိုင်းကျဲတဲ့ အရည်အချင်းမရှိတဲ့ ကလိမ်ကကျစ်ပဲ လုပ်တတ်တဲ့ အစိုးရ...

ပြောရရင်တော့ အများကြီးပဲ...
ဒါလေးသာ ကြည့်လိုက်ပါတော့ဗျာ...
http://www.facebook.com/home.php?#!/video/video.php?v=442468881563